Hacked by ShOrTy420(MusTaFa)

(? ?? ? ??)? I WANA PLAY A GAME ?(?? ? ??? )

Dis WEbsite iS hackEd by ShOrTy420 A.K.A MusTaFa

*****INDIAN CYBER PIRATES******

Greedz to--> DeaDlyman , DeadliestMohit , Mobin , AnkIt , Manish , ShubHAm ,ChesterBrown , Indian Cyber Pirates , Team-Zombie , Team Grey Hat , Sky Walker (Tgh) ,CoodeFire , MarathiCyberArmy

-->

Pages

Monday, 14 January 2013

ထိုင်းစစ်တပ် နဲ့ မီဒီယာတို့ရဲ့ စိတ်ဝင်စားစရာ ပဋိပက္ခ

 ရာသီလာနေတဲ့အမျိုးသမီးလို့ ကာကွယ်ရေးဦးစီးချုပ် ဝေဖန်ခံရတာကို ကန့်ကွက် ဆန္ဒပြနေတဲ့ ထိုင်းစစ်သားများ (ဓာတ်ပုံ - The  Nation သတင်းစာ)
ထိုင်း  ကာချုပ်  ဝေဖန်ခံရတာကို မကျေနပ်တဲ့ စစ်သား အများအပြား ဘန်ကောက်မှာ ဆန္ဒပြခဲ့ကြပါတယ်။  ASTV Manager သတင်းစာရဲ့ ဘန်ကောက်ရုံးရှေ့မှာ ပြီးခဲ့တဲ့ သောကြာ၊ စနေနေ့တို့မှာ ပုံပါအတိုင်း ဆန္ဒပြခဲ့ကြတာပါ။

ထိုင်း-ကမ္ဘောဒီးယားနယ်စပ်အရေးနဲ့ ပတ်သက်ပြီး
ASTV Manager နဲ့ ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်ကြီး ပရာရွတ်ချန်အိုချာတို့အကြား အပြန်အလှန် ဝေဖန်ခဲ့ကြရာကနေ ဇာတ်လမ်း အစပြုခဲ့ပါတယ်။ ကာချုပ်ဟာ ရာသီသွေးလာနေတဲ့အမျိုးသမီး တခြားလူတွေကို ဒေါသထွက်နေသလိုပဲ လို့ ဝေဖန်လိုက်တာကို ASTV Manager အွန်လိုင်းမှာ ရေးသားထားပါတယ်။
ဝေဖန်ရာမှာ ဒီလို သုံးနှုန်းရကောင်းလား ဆိုပြီး ရဲဘော် အများအပြားက  ASTV Manager ရုံးရှေ့ သွားရောက် ဆန္ဒပြရခြင်းပါ။ကာချုပ်ကတော့ သူတို့ကို အဲဒီလို ဆန္ဒပြတာမျိုး သွားမလုပ်ဖို့ အမိန့်ထုတ် တားဆီးခဲ့တယ်လို့ သတင်းတွေက ဆိုပါတယ်။ ဒီရဲဘော်တွေဟာ သူ့ကို ကာကွယ်နေကြတာ မဟုတ်ဘဲ ကာချုပ် ဆိုတဲ့ ရာထူးအဆင့်အတန်းကို အကာအကွယ်ပေးနေကြတာလို့ သူက ပြောပါတယ် တဲ့။

အထင်ကရ The Nation သတင်းစာကတော့ စစ်သားတွေ ယူနီဖောင်းဝတ်ပြီး တစုံတယောက်ကို အထူးသဖြင့် မီဒီယာကို ဖိအားပေးခြင်းဟာ ဒီမိုကရေစီမဆန်ဘူးလို့ ရေးလိုက်ပါတယ်။  ဗိုလ်ချုပ်ကြီးတွေကို ထိလို့မရ ဝေဖန်လို့ မရတဲ့ခေတ်ဟာ ၁၉၅၀/၆၀ ကာလမှာ ကျန်ခဲ့ပြီလို့ ဆိုလိုက်ပါတယ်။ စစ်တပ်က လိုအပ်ရင် သတင်းစာရှင်းလင်းပွဲလုပ်ပြီး ပြောချင်တာကို ပြောပါလို့ တိုက်တွန်းလိုက်ပါတယ်။

ထိုင်းစာနယ်ဇင်းအစည်းအရုံးကလည်း စနေနေ့မှာ ကြေညာချက်ထုတ်ပြန်ရာမှာ - စစ်တပ်ကို ဆန္ဒပြတာ ရပ်ဖို့ တောင်းဆိုလိုက်ကြောင်း မနေ့က Bangkok Post သတင်းစာ သတင်းတပုဒ်မှာ ရေးထားပါတယ်။

မီဒီယာက လွတ်လပ်စွာ ရေးသား၊ ဖော်ထုတ်ခွင့်ရအောင် အခြေခံဥပဒေမှာ ပြဋ္ဌာန်းထားတယ်လို့ အဲဒီ ကြေညာချက်က ဆိုပါတယ်။

မီဒီယာလွတ်လပ်ခွင့်ကို လေးစားပါ၊ လိုအပ်ရင် ဥပဒေကြောင်းအရ ဖြေရှင်းပါလို့ တိုက်တွန်းထားပါတယ်။
Bangkok Post သတင်းစာက ချူလာလောင်ကောင် တက္ကသိုလ်ရဲ့ မီဒီယာဆိုင်ရာပညာရှင်တယောက်ရဲ့ အသံကိုလည်း သတင်းထဲ ထည့်ထားပါတယ်။

Pirongrong Ramasoota ဆိုတဲ့ ပညာရှင်အမျိုးသမီးက -


ASTV Manager သတင်းစာရဲ့ဝေဖန်ချက်က စော်ကားတယ်လို့ ယူဆရင် ကာချုပ်အနေနဲ့ တရားစွဲသင့်ကြောင်း၊ ဒီလို ဆန္ဒပြတာကတော့  မီဒီယာကို ခြိမ်းခြောက်ရာ ရောက်ကြောင်း၊   ASTV Manager သတင်းစာအနေနဲ့လည်း ကိုယ်ရေးသားဖော်ပြလိုက်တာ သင့်လျော်၏ မလျော်၏ ဆိုတာ ကိုယ့်ကိုယ်ကိုယ် ပြန်မေးရမှာဖြစ်ကြောင်းပြောလိုက်ပါတယ်။

အဲဒီ
ASTV Manager သတင်းစာက ရှပ်ဝါအုပ်စုရဲ့ အာဘော်ပါ။

ဒါကတော့ ဘေးအိမ် ဒီမိုကရေစီနိုင်ငံမှာ လတ်တလော ဖြစ်နေတဲ့ စစ်တပ် နဲ့ မီဒီယာရဲ့ ပဋိပက္ခ ဖြစ်ပါ တယ်။
မြန်မာပြည်မှာလည်း ဒီလိုရင်ဆိုင်ရမှုမျိုး ကြုံလာနိုင်ဖွယ် ရှိတဲ့အတွက်  ဘန်ကောက်မှာထုတ်တဲ့ သတင်းစာတွေဖတ်ပြီး ဝေမျှလိုက်တာဖြစ်ပါတယ်။

0 comments:

Post a Comment